Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, March 03, 2012

အလွမ်းနုအိပ်မက်


အချစ်သည် သေခြင်းနှင့်အမျှ
တန်ခိုးကြီးပါသည်။ (ရှောလမုန်သီချင်း)

လေပြည်နုနုကလေးတွေ
တိုက်ခတ်နေတာမြင်ရင်
သစ်ရွက်စိမ်းစိမ်းကလေးတွေ
ကြွေကျသွားတာမြင်ရင်
ပန်းပွင့်လှလှကလေးတွေ
ပွင့်ဖတ်ကြွေ
မြေပေါ်ကျ
မြင်ရတဲ့ ခဏလေးတွေမှာ
ရွှန်းမြစွာသာနေတဲ့ လမင်း
တိမ်တစ်အုပ်ရဲ့ လက်တွင်း
ဖမ်းဆုပ်ရင်းခြေမွ
မြင်တဲ့ခဏလေးတွေမှာ
အခြွေအရံမဲ့ သစ်ပင်အိုထက်
ဥသြပျို ရင်ကွဲပက်လက်
ကြင်ဖော်မဲ့တေးသွား
ကြားနေရတဲ့ ကာလမှာ
အို... ချစ်သူရယ်
ရစ်တွယ်မိသံယောဇဉ်ရိပ်
ပန်းနုလိပ်ပြာ၊ လူးလာတုံ့ဝဲ
မောင့်ရင်ထဲမှာ၊ အလွမ်းနာတိုး
မျက်ရည်မိုးစွေ၊ ပြေပြေညှက်ညော
ရောနှောကျံလူး၊ သောကတူးဖော်
အိပ်မပျော်ဘူး၊ ကြာရင်ရူးမယ်။
ချစ်ဦးသိစေချင်ပါသည်။

စံလင်း

(ချစ်သူကို အလွမ်းပိုနေတဲ့ ကျွန်တော့ရဲ့ ဒီရက်ပိုင်း နေ့နဲ့ ညတွေမှာ ဖတ်ဖြစ်သွားတဲ့ ကဗျာဆရာ စံလင်း ရဲ့ ကဗျာလေးက မျက်ရည်ဝဲမိတဲ့အထိအောင် ခံစားရပါတယ်။ ဒီကဗျာလေးကိုလည်း ကျွန်တော့ Blog လေးပေါ်မှာ ချစ်သူ (KST) ဖတ်ဖြစ်ဖို့ မျှော်လင့်မိပါတယ်။ ဒီရက်ပိုင်း ကျွန်တော် ဖုန်းရော စာတိုနဲ့ပါ အဆက်အသွယ်မလုပ်ဖြစ်တာကို ချစ်သူနားလည်နိုင်ဖို့လည်း မျှော်လင့်ပါတယ်။ သိပ်ချစ်လွန်းတာမို့ ချစ်သူ စိတ်ရှုပ်ရမှာမျိုး လုပ်မိမှာစိုးလို့ပါ။ တခြားတော့ မရှိပါဘူး။ ဒီအချိန်လေးတွေမှာ တူတူရိုက်ခဲ့ဖူးတဲ့ ဓါတ်ပုံလေးတွေ ကြည့်ပြီးပဲ အလွမ်းဖြေနေရပါတယ်။ ဒီကဗျာလေးကလည်း ကျွန်တော့ခံစားချက်ကို ပိုပြီး ပံ့ပိုးပေးနေလို့ ကျွန်တော့လို ထပ်တူ ခံစားရသူတိုင်းလည်း နှစ်သက်မယ်လို့ မျှော်လင့်ပြီး တင်ဖြစ်လိုက်ပါတယ်။)

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

0 comments: