Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, March 19, 2012

အမှန်တရားရဲ့ အစွန်းတစ်ဖက်မှာ...


သိပ်ချစ်တယ်တဲ့....
အထပ်ထပ်အခါခါပါပဲ
နှလုံးသားက သူ့အတွက်လို့
မရည်ရွယ်ပေမဲ့
ရင်ထဲမှာတော့ သူရှိနေခဲ့တယ်။


အချစ်နဲ့ဘ၀ကို ထပ်တူကျအာင်
တည်ဆောက်ချင်ပေမဲ့
နှလုံးသားရဲ့ အလိုဆန္ဒ ကို
လိုက်လျောခွင့် မပေးရဲတဲ့
ငါ့ကို..........
နားလည်ပေးပါ။
 
မျှော်လင့်ချက်တွေ တပွေ့တပိုက်ကြီးနဲ့
မျှော်လင့်နေမဲ့ နင့်ကို....
ငါ ဘယ်လိုစကားတွေနဲ့
နှစ်သိမ့်ပေးရမလဲ။


ဖြစ်နိုင်ရင်လေ....
နင့်ရဲ့ဆန္ဒတွေကို
လိုက်လျောပေးချင်မိတယ်။ 


ဒါပေမဲ့.....
အချစ်ကိုရှေ့တန်းမတင်ရဲတဲ့..... ငါ
အချစ်နဲ့ဘ၀ကို
တသားတည်းကျအောင်
တည်ဆောက်ခွင့်မပေးရဲတဲ့ ငါ့ကို
နာကျင်မှုတွေနဲ့အတူ
မုန်း.... မေ့..... လိုက်ပါ
သူရယ်.......


skst

(ဒီကဗျာကို လုံးဝ သဘောမကျပေမယ့် အမှတ်တရလေးအဖြစ် တင်ထားလိုက်ပါတယ်။ အမြဲတမ်း စိတ်နှစ်ခုနဲ့ စစ်တိုက်နေရတဲ့သူကို သနားလို့ပါ။ ဒီကဗျာလေးကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရေးခဲ့တာ ဖြစ်ပါလိမ့်မယ်။ ခုတော့ ဒီကဗျာလေးထဲကအတိုင်း မဟုတ်လောက်တော့ဘူးလို့ ထင်ပါတယ်။ အရင်တုန်းက အနိုင်ယူခဲ့သမျှ၊ ဆိုးခဲ့သမျှ၊ ပစ်ထားခဲ့သမျှ၊ စတဲ့ကိစ္စရပ်တိုင်းကို အားလုံးမေ့ထားလိုက်ပြီး ခုလက်ရှိအချိန်ကစလို့ အသစ်တဖန် တူတူရှိနေမယ်ဆိုတဲ့ စကားလေးတွေ ကိုတော့ အရမ်း ကြည်နူးမိပါတယ်။ သူကလည်း ကျွန်တော်ရေးခဲ့တဲ့ကဗျာလေးတချို့ကို သိမ်းထား တတ်သလို၊ ကျွန်တော်လည်း သူ့ရေးသမျှ ကဗျာလေးတွေကို (သူက ကဗျာရေးတာအရမ်းနည်းတယ်) သိမ်းထားချင်လာလို့ ဒီကဗျာလေးကို လုံးဝ သဘောမကျပေမယ့် သိမ်းထားလိုက်ပါတယ်။)

5 comments:

စံပယ်ချို said...

အတင်းကိုမုန်းမေ့ခိုင်းနေပါလားကွယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ကဗျာလေး ဖတ်သွားတယ် မောင်လေး။

ခင်တဲ့
မြတ်

ချစ်စံအိမ် said...

ချစ်မိပြီဆိုသတ္တိရှိပါစေ

ဧဒင်အချစ်ပုံပြင် said...

ကဗျာလေးလာအားပေးသွားတယ်နော်

Z@! said...

မုန်း.. မမေ့နိုင်ပါဘူးပေါ့.. ဟဲဟဲ..:)
ရေးထားတာလေး ကောင်းပါ၏..
ဒီလိုပဲ လူတိုင်းကတော့ ဒွိဟစိတ်စိုးမိုးတဲ့အချိန်ဆိုတာ ရှိတာပါပဲ..
အချစ်စစ်မှန်ရင်တော့ အရာရာကို အောင်နိုင်မှာပါ..
နွေဦးမှာ အချစ်နဲ့တူ မြူးနိုင်ပါစေဗျာ.