Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Sunday, March 18, 2012

ကဗျာထဲက ကဗျာရေးသူ


ကဗျာ။ နင်ဟာ ငါ့သွေးကြောထဲမှာ နေထိုင်လှုပ်ရှား
နင်ဟာ ငါ့စိတ်နဲ့ တပူးပူး တတွဲတွဲဆိုတော့၊ ငါ
မူးနေရပြီလေ။ ကဗျာ၊ နင်ဟာ ဘယ်အရပ် ဘယ်ဒေသကနေ
ငါ့သွေးထဲ ရောက်ခဲ့ရတာလဲ။ ကဗျာ၊ နင်ဟာ ဘယ်သူလဲ။
နင့်စိတ်နဲ့ ငါ တွေဝေ၊ နင့်အတွက်နဲ့ငါ မတည်မငြိမ်ဖြစ်ရ။


ကဗျာ။ နင်နဲ့အတူ ငါ ရယ်ခဲ့
ကဗျာ။ နင်နဲ့အတူ ငါ အူမြူးခဲ့
ကဗျာ။ နင်နဲ့အတူ ငါ မျက်ရည်လွယ်ခဲ့
ကဗျာ။ နင်နဲ့အတူ ငါ မောခဲ့
ကဗျာ။ နင်နဲ့အတူ ငါ အသည်းကွဲညနက်များ
ကဗျာ။ နင်နဲ့အတူ ငါ ညှိုးဖွဲ့ခြင်း တိမ်တိုက်တွေကို ငေးခဲ့။
နင့်ကြောင့် ပျော်ခဲ့ရတာတွေကို ငါဝန်ခံပါတယ်
နင့်ကြောင့် ငါ နာကျင်နေရတာတွေကိုလည်း အကြောင်းကြား ချင်ရဲ့။
ကဗျာ။ နင့်အကြောင်းကို ငါ လူတွေသိအောင် လျှောက်ပြော ခဲ့တယ်။
ကဗျာ။ နင့်အသံနဲ့ငါ အော်ဟစ်ခဲ့ပါရဲ့
ကဗျာ။ တိတ်ဆိတ်ညတွေထဲ တိတ်တိတ်လေး ငါ ညည်းညူမိ ပါရဲ့။
ကဗျာ။ မိုင်ထောင်သောင်းဝေးလံတဲ့ အရပ်တွေဆီ
နင်နဲ့ငါ သွားခဲ့ကြ
အထာပြင်းတဲ့ ဗလာကျင်း ဦးနှောက်တွေထဲလည်း လည်ပတ်ခဲ့ ကြ
ရိုးဖြောင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့သိမှုတွေထဲလည်း ကျင်လည်ခဲ့ကြ။
ကဗျာ။ မေးခွန်းတွေကို အသံကျယ်ကျယ်နဲ့ ငါ မေးချင်တယ်
ကဗျာ။ နင့်ကို ချစ်တဲ့စိတ်နဲ့ ငါ ထပ်ပြီး ဝန်ခံလိုရဲ့
ငါ့အမူးတွေ မပြယ်သေးဘူးဆိုတဲ့အကြောင်း . . . .။

အောင်နှင်းသစ်

Credit: ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

4 comments:

ဧဒင်အချစ်ပုံပြင် said...

နင်ဟာ ဘယ်အရပ် ဘယ်ဒေသကနေ
ငါ့သွေးထဲ ရောက်ခဲ့ရတာလဲ။ စာသားလေးကြိုက်နှစ်သက်ခဲ့ပါတယ်

ချစ်စံအိမ် said...

ကဗျာနင့်ကြောင့်ငါလွမ်းစာသားတွေရေးတတ်နေပြီ:P
စိတ်ကူးကောင်းလေးပါ အားပေးခဲ့ပါတယ်။။။

အောင်အောင် said...

ခံစားသွားတယ်နော်...

လွင်ပြင်လှိုင်းငယ် said...

အတွေးကော အရေးကော အားလုံးကောင်းတယ်
အားပေးလျက်ပါ