Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Friday, March 16, 2012

ရင်ခုန်စေသူ


နူးညံ့တဲ့ မျက်ဝန်းလေးကြောင့်
နှုတ်ခမ်းလွှာလေး ပွင့်ဟလို့... တိုးတိုးလေး နမ်းမယ်
ငါ ရင်ခုန်ပါတယ်။


ထပ်မဝေးရဖို့ ဖက်လို့ထားလိုက်မယ်
တစ်ညလုံး....
မွန်းလို့တော့ မရုန်းလိုက်ပါနဲ့
လွတ်သွားမှာစိုးတယ်။

ပြောလိုက်တဲ့စကားအခွန်းတိုင်း
ချိုရီယစ်မူးဖွယ်
နားထောင်မဝဘူး ဝဲဝဲလေးရယ်မို့
အရင်ကထက် ပိုချစ်ပြမယ်ဆိုလား
သိပ်အသည်းယားတယ်....

တစ်ယောက် ရင်ဘတ်ကို တစ်ယောက် မြင်တယ်
နှလုံးသားရဲ့စည်းချက်တိုင်းလည်း ကလို့ရတယ်
ကြိုးကလေးနှစ်စ တိုးလို့ငြိချင်တယ်
အချိန်တိုင်း ရင်ခုန်စေသူရယ်။

သီဟလုလင်

3 comments:

စံပယ်ချို said...

ချစ်ရသူတွေ တစ်ယောက်ရင်ဘတ် တစ်ယောက်အမြဲမြင်နိုင်ပါစေလို့
ခင်မင်တဲ့ sis jasmine

ချစ်စံအိမ် said...

တစ်ယောက် ရင်ဘတ်ကို တစ်ယောက် မြင်တယ်
နှလုံးသားရဲ့စည်းချက်တိုင်းလည်း ကလို့ရတယ်
ကြိုးကလေးနှစ်စ တိုးလို့ငြိချင်တယ်
အချိန်တိုင်း ရင်ခုန်စေသူရယ်။အဲလိုချစ်သူလိုချင်လိုက်တာ
အားကျပါဘိကွယ် ချစ်သူတိုင်းပျော်ရွှင်ကြပါစေ

Yin Sue said...

ကဗျာလေးက အရမ်းနူးညံ့တာဘဲဗျာ........ချစ်သူနှစ်ဦးအမြဲ ချစ်နိုင်ပါစေဗျာ........