Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, February 14, 2012

သူငယ်ချင်းလေးက ကြွေနေပြီလား


သူငယ်ချင်းချစ်သူ ဇာတ်လမ်းလေးတွေက တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်ဖို့ကောင်းတတ်ပါတယ်။ သူငယ်ချင်းဆိုတာက ကိုယ်နဲ့ အမြဲ မခွဲအတူ သွားလာနေတတ်ကြလို့ သံယောဇဉ်ငြိမယ်ဆိုလည်း ငြိလောက်စရာကိုး။ ဒီတော့ ကိုယ့်သူငယ်ချင်းလေး ကိုယ့်အပေါ် တကယ်ရိုးသားရဲ့လား သိချင်ရင် ဒီအချက်လေးတွေ ကြည့်ပြီး ဆုံးဖြတ်လို့ရပြီ။


၁။ သူပျင်းရင် မင်းကို လှမ်းခေါ်တတ်တယ်
ဒါမျိုးက သူငယ်ချင်းတွေကြားမှာ ပုံမှန်ဆိုပေမယ့် သူက နေ့တိုင်းလိုလို ခေါ်နေတယ်ဆိုရင်တော့ စည်းကျော်ချင်နေပြီ။

၂။ မင်းကိုဆိုရင် တုံ့ပြန်မှတ်ချက်ပေးဖို့ အဆင့်သင့်ပဲ
Facebook ပေါ်မှာ မင်းက ဓါတ်ပုံပြောင်းတာ၊ စာအသစ်ရိုက်တင်တာမျိုးမှာ ချက်ချင်း Comment ပြန်ပေးမယ် ဆိုရင် မင်းကို စောင့်ကြည့်နေတယ်ဆိုတာ အထင်အရှားပဲ။

၃။ အစီအစဉ်နဲ့ လုပ်တာတွေ ပျောက်ဆုံးကုန်တယ်
နေ့စဉ်အလုပ်တွေကို အစီအစဉ်ချထားပေမယ့် မင်းရှေ့ရောက်ရင် ဒီအတိုင်းမလုပ်နိုင်တော့တာ မင်းနဲ့ အတူတူ ရှိနေချင်လို့ပါ။

၎။ တန်ဖိုးကြီးလက်ဆောင်တွေ ဝယ်ပေးတယ်
သူ မင်းကို လက်ဆောင်ပေးတဲ့အခါ ဈေးနှုန်းတွေ ဘာတွေကိုလည်း အမှုမထားနိုင်တော့ပါဘူး။

၅။ မျက်လုံးချင်းဆုံဖို့ မဝံ့မရဲဖြစ်နေတယ်
မင်းအပေါ်ထားတဲ့ သဘောထားတွေ သိသွားမှာစိုးလို့ မျက်လုံးချင်းဆုံဖို့ မဝံ့မရဲဖြစ်နေတယ်။

၆။ ဘေးမှာ တစ်ချိန်လုံးရှိနေတယ်
အနားမှာ မဟုတ်ရင်တောင် ပတ်ဝန်းကျင်တစ်ဝိုက်မှာ ရှိနေတတ်တယ်။ ကဲ ဒီစာကို ဖတ်နေချိန်မှာ သူဘေးနားမှာ ရှိနေလား။

၇။ မင်းကိုဆိုရင် တစ်ချိန်လုံး ဟာသလုပ်ပြီး ပြောင်နေတတ်တယ်
အနိုင်ကျင့်လွန်းရင်တော့ သဘောကျနေလို့ မဟုတ်နိုင်ဘူး။ ဒါပေမယ့် လွယ်အိတ်ကို ဝှက်ထားတာ၊ ဖိနပ်ကြိုးတွေကို ချည်ထားတာမျိုးတွေ လုပ်ပြီး အနားမှာ စောင့်ကြည့်နေတတ်တာကတော့ သူသဘောကျနေတာ သိသွားမှာစိုးလို့ ဖုံးကွယ်တဲ့အနေနဲ့ စတာမျိုး ဖြစ်ပါတယ်။

၈။ ဘယ်အစားအစာ ကြိုက်သလဲဆိုတာ သူသိတယ်
ကိုယ့်အကြိုက်တွေ ဝယ်ပေးထားရင်တော့ သူ ကိုယ့်ကို သဘောကျနေပြီပေါ့။

၉။ အတူတူ လျှောက်လည်ချင်တယ်
တခြားသူငယ်ချင်းတွေကို မခေါ်ဘဲ မင်းကို အတူတူလျှောက်လည်ဖို့ဖိတ်ရင် ကြွေနေလို့ ဖွင့်ပြောတော့မယ့် အခြေအနေပါပဲ။

ဒါကတော့ ပေးလာတဲ့ အခြေအနေအပေါ်မှာ မူတည်ပြီး အပြောင်းအလဲအနည်းငယ်တော့ ရှိမယ်ထင်ပါတယ်။ အထက်က အချက်အလက်တွေက T.Club မဂ္ဂဇင်းကေ ဖ်ာပြခဲ့တဲ့ အချက်အလက်တွေပါ။ ကဲ သူငယ်ချင်းက ကိုယ့်အပေါ် စိတ်ဝင်စားနေပြီလားဆိုတာတော့ ခန့်မှန်းလို့ ရလောက်ပြီထင်ပါတယ်နော်။

5 comments:

စံပယ်ချို said...

စာဖတ်ခဲ့ပါတယ် ပေါ်ကပုံလေးကြိုက်တယ်

ဘိုဖြူ said...

ဘယ်ဒူက ဘယ်ဒူက်ုကြွေနေတာလဲသီဟရေ

လွင်ပြင်လှိုင်းငယ် said...

မှတ်သားထားစရာလေးတွေပဲနော်

Thameesan said...

ဆိတ်ဝင်စားနေပြီလား....း))
ဒဏ်ရိုက်လိုက်ပါ :P
(နောက်တာနော်)
ကိုဘိုဖြူပြောသလိုပါဘဲ။
ဒီစာက.ယောင်္ကျားလေးအတွက်လား
မိန်းကလေးအတွက်လား..
မရှင်းလို့ပါး)

ခင်မင်လျှက်

ဧဒင်အချစ်ပုံပြင် said...

စာသားလေးတွေကြိုက်တယ်ဗျာ...