Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Wednesday, February 08, 2012

အလွမ်းမြစ်


စကားသံများ
အဖန်ဖန်ကြားယောင်ရင်း
သတိရခြင်းကမ္ဘာမှာ
ငါ. . . နေထိုင်ပါတယ် . . .။


လေညှင်းခတ်သံကအစ
တေးသွားတစ်စလို့ထင်တဲ့
စိတ္တဇများနဲ့
ငါ့ရဲ့ညများ
နာဖျားနေခဲ့ရပေါ့ . . .။

သစ်ရွက်ကြွေသံ
နာခံရင်းချောက်ချား
ယောင်မှားလှည့်ကြည့်မိ
အိပ်မက်တွေ မရှိတော့တဲ့
ပကတိ ဟင်းလင်းပြင် . . .
အဲဒါ . . . ငါ့ရင်ခွင်ပေါ့ . . .။

မြစ်တစ်စင်းလေ . . .
နှစ်ရှည်လများ စီးဆင်းသွားဖို့တဲ့ . . .
ငါ့ရင်ခွင်ထဲ . . တိုးဝင်လာခဲ့ပေါ့ . . .။

မနော်ဟရီ

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

3 comments:

kyaw said...

နောက်လည်း ကဗျာကောင်းကောင်းလေးတွေတင်ပေးပါဦး

kyaw said...

နောက်လည်း ကဗျာကောင်းကောင်းလေးတွေတင်ပေးပါဦး

စံပယ်ချို said...

သတိရခြင်းကမ္ဘာက သီဟရေ
ကဗျာလေးကောင်းပါ၏