Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, February 14, 2012

HAPPY VALENTINE'S DAY


“ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။” - ၁ကော ၁၃:၁၃

“And now these three remain: faith, hope and love. But the greatest of these is love.” - 1Corinthians 13:13

မနက်က ကျမ်းစာပိုဒ်ကို Facebook နဲ့ ကိုယ့် Blog ကနေ ဝေမျှဖို့ ရွေးချယ်တော့ သတိရမိသွားတဲ့ ကျမ်းပိုဒ်လေးက ခုလို ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ချစ်သူများနေ့ဆိုပြီးတော့ ချစ်သူချင်းပဲ လက်ဆောင်တွေပေး၊ မေတ္တာတွေ ဖလှယ်နေကြပေမယ့် ချစ်သူများဆိုတဲ့နေရာမှာ တကယ်တော့ ကိုယ့်ရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
ချစ်ခြင်းမေတ္တာဟာ လောကမှာ အင်အားအကြီးဆုံးလို့လည်း ဆိုကြပါတယ်။ ကျွန်တော်ကတော့ ချစ်ခြင်းမေတ္တာကို သက်ဝင်ယုံကြည်လက်ခံပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့နေရာမှာ တဏှာရောယှက်တဲ့ ချစ်ခြင်းမေတ္တာမျိုးမဟုတ်ဘဲ၊ အေးမြပြီး လူတိုင်းအပေါ်ခွင့်လွှတ်သည်းခံတတ်တဲ့ ချစ်ခြင်းမေတ္တာမျိုး၊ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ ချစ်ခြင်းမေတ္တာမျိုးကို သက်ဝင်ယုံကြည်လက်ခံတာပါ။ ဘယ်လိုနေရာ၊ အခြေအနေမျိုးမှာမဆို ချစ်ခြင်းမေတ္တာစိတ်အပြည့်နဲ့ ငါသာ သူ့နေရာမှာသာဆို ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ဖြစ်တတ်ဖို့ လိုတယ်ထင်မိပါတယ်။

ဘာပဲဖြစ်ဖြစ် အားလုံးပျော်ကြတဲ့ ချစ်သူများနေ့ဆိုတဲ့ Valentine's Day ကတော့ တစ်နှစ်တစ်ခါ အလှည့်ကျ ရောက်လာခဲ့ပြန်ပါပြီ။ ဒီလိုအချိန်မှာ လိုလိုလားလား ဆုတောင်းပေးချင်တာကတော့ ချစ်သူတိုင်း ပျော်ရွှင်ချမ်းမြေ့ခြင်းများနဲ့ ပြည့်စုံပြီး ဆုံဆည်းနိုင်ကြပါစေ။ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူးနိုင်ပါစေ။

သီဟလုလင်

0 comments: