Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, February 13, 2012

နောင်တမဲ့အချစ်


သူရယ် . . .
ကိုယ့်ရင်ထဲက
စကားသံတွေကို နားလည်မယ်ဆိုရင်
“ဝေးကွာခြင်း” ဆိုတာ
နတ္ထိပါပဲ . . .။

သူရယ် . . .
ကိုယ့်ရင်ထဲက
ဒါဏ်ရာတွေကို ကုစားပေးမယ်ဆိုရင်
“လွမ်းဆွေးခြင်း” ဆိုတာ
နတ္ထိပါပဲ . . .။

သူရယ် . . .
ကိုယ့်ရင်ထဲက
အချစ်တွေကို ယုံကြည်မယ်ဆိုရင်
“နောင်တ” ဆိုတာ
နတ္ထိပါပဲ . . .။

ဝေးကွာခြင်းတွေရဲ့ နောက်ကွယ်က
လွမ်းဆွေးခြင်းတွေကို
အချစ်နဲ့ ဖုံးကွယ်လိုက်မယ်ဆိုရင်
“နောင်တ” ဆိုတာ
ဟိုး . . . အဝေးကြီးမှာပါ . . . သူရယ် . . .။

မိုးသက်အောင်

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

0 comments: