Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Saturday, February 11, 2012

ကဗျာဆန်၍ အမှတ်ရဖွယ်ရာ Valentine's Day ဖြစ်စေရန်


Valentine's Day မှာ ကိုယ်ချစ်သူ၊ ခင်သူတွေကို လက်ဆောင်ပေးတာ ထုံးစံပါ။ ချစ်သူအတွက် ကိုယ်ရွေးချယ်ထားတဲ့ လက်ဆောင်နဲ့ အဲဒီနေ့ကို ဘယ်လို ကုန်ဆုံးစေမလဲဆိုတာဟာ ချစ်သူဘဝမှာတင် မဟုတ်၊ အိမ်ထောင်သည်ဘဝမှာပါ ချစ်ခြင်းမေတ္တာခိုင်မြဲစေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သူကြိုက်နှစ်သက်မယ့် အဓိပ္ပာယ်ရှိတဲ့ အသုံးဝင်မယ့်လက်ဆောင်ကို ရွေးချယ်ပါ။ ဈေးကြီးစရာမလိုပါဘူး။ စိတ်ရင်းစေတနာမှန်ဖို့သာ လိုအပ်ပါမယ်။ ပန်းစည်း၊ ချောကလက်နဲ့ ကဒ်တွေဟာ ရိုးနေပြီလို့ ထင်ရပေမယ့် အချစ်ရဲ့ သင်္ကေတတွေဖြစ်တဲ့အတွက် အမြဲဆန်းသစ်နေမှာပါ။


  • ကိုယ့်ချစ်သူကိုပေးမယ့် ကဒ်လေးကို ဝယ်ပြီးပေးမယ့်အစား ကိုယ့်စိတ်ကူးနဲ့ ကိုယ် ဖန်တီးပြီးပေးပါ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပေါ်လွင်စေမယ့် ကဗျာတွေ၊ စာတွေ ရေးဖွဲ့ပေးပါ။
  • သူနှစ်သက်တဲ့ သီချင်းတွေ၊ အချစ်သီချင်းတွေကို စုပေါင်းပြီး CD ပြုလုပ်ကာ ဖဲပြားလေးနဲ့ ချည်ပြီး လက်ဆောင်ပေးပါ။
  • အချစ်ရဲ့ သင်္ကေတဖြစ်တဲ့ နှင်းဆီပန်းစည်းလှလှလေးကိုလည်း ပေးဖို့ မမေ့ပါနဲ့။ သင့်ချစ်သူကို စိတ်ကြည်နူးမှု အပြည့် ပေးစွမ်းနိုင်မှာပါ။ အပင်ချစ်သူဆိုရင်လည်း လှပတဲ့ ပန်းပင်၊ ပျိုးပင် လက်ဆောင်ပေးပါ။ ဒါမှ အပင်ကို ရေလောင်းပေါင်းသင်တိုင်း ကိုယ့်ကို သတိရနေမှာဖြစ်ပြီး အပင်လေး ကြီးထွားလာတာနဲ့အမျှ အချစ်တွေ ကြာရှည်ခိုင်မြဲကြောင်း သက်သေဖြစ်နေမှာပါ။
  • ပိုက်ဆံတတ်နိုင်ရင်တော့ လက်ဝတ်ရတနာဝယ်ပေးပါ။ လက်ဝတ်ရတနာဟာ လူတိုင်းရဲ့ အကြိုက်မို့လို့ပါ။ မိန်းကလေးအတွက်ဆိုရင် အသည်းပုံလော့ကတ်လေး သင့်လျော်ပါတယ်။ ကိုယ့်ချစ်သူရဲ့ နာမည် အစ စာလုံးလေးတွေနဲ့ ပြုလုပ်ထားတဲ့ လော့ကတ်၊ ဟန်းချိန်း နဲ့ ကီးချိန်းလေးတွေကလည်း နှစ်သက်စရာပါပဲ။
  • ကိုယ်ကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်ဆောင် ပစ္စည်းလေးတွေဟာလည်း အချိန်နဲ့ လုပ်အားကိုရင်းပြီး ချစ်ခြင်းမေတ္တာအပြည့်နဲ့ ပြုလုပ်ထားတဲ့အတွက် အရမ်းတန်ဖိုးရှိပါတယ်။ ဒါကြောင့် စက္ကူအသည်းပုံလေးတွေ၊ ငှက်ကလေးတွေ ခေါက်ပြီးပေးတာမျိုးတို့၊ သူကြိုက်မယ့်အရာတွေကို အမှတ်တရပြုလုပ်ပေးတာမျိုးတို့ ပြုလုပ်ပါ။
  • အချစ်ရဲ့သင်္ကေတဖြစ်တဲ့ ချောကလက်ကျွေးဖို့လည်း မမေ့ပါနဲ့။ ချောကလက် အပြန်အလှန်ကျွေးခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက်  အချစ်တွေ ပိုမိုတိုးလာမှာပါ။
  • အင်္ကျီဆင်တူ ဒါမှမဟုတ် အဝတ်အစားအရောင်တူ ဝတ်ဆင်ပါ။ ကျန်တဲ့နေ့တွေမှာ တိုက်ဝတ်ဖို့ အဆင်ပြေချင်မှ ပြေမှာဖြစ်ပေမယ့် ဒီနေ့မှာတော့ မတူတူအောင် တိုက်ဝတ်ပါ။ ဆင်တူဝတ်ခြင်းဖြင့် စိတ်ချင်း ပိုနီးစပ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြောင်းလည်း ပေါ်လွင်ပါတယ်။
  • အစားအစာ ချက်ပြုတ်တတ်ရင်တော့ သင်ကိုယ်တိုင် ချက်ထားတဲ့ ညစာကို ဖိတ်ကျွေးပါ။ အစားအစာ ချက်ကျွေးဖို့ အဆင်မပြေရင်လည်း နှစ်ယောက်တည်း စကားတီးတိုးပြောလို့ရမယ့် တိတ်ဆိတ်ပြီး ကဗျာဆန်လှတဲ့ ဖယောင်းတိုင်မီးမှိန်မှိန်လေးထွန်းထားတဲ့ စားသောက်ဆိုင်မှာ ညစာထွက်စားပါ။ သာမန်ရုပ်ရှင်ကြည့်တာမျိုး၊ ဈေးဝယ်ထွက်တာမျိုးတို့ထက် စာရင် ဒီနေ့လို နေ့မျိုးမှာ ညနေဆည်းဆာနေဝင်ချိန် အလှကို ချစ်သူနဲ့အတူ ခံစားခြင်း၊ ညနေပိုင်း၊ လေပြည်လေညှင်းလေးတွေ တိုက်ခတ်ချိန်မှာ ကန်ရေပြင်ထဲ လှေလှော်ထွက်ခြင်း၊ လှေမလှော်တတ်ပါကလည်း ခြေနင်းလှေစီးခြင်း၊ စွန်လွှတ်ခြင်း၊ ပျော်ပွဲစားထွက်ခြင်းတို့ ပြုလုပ်ပေးပါ။
  • သင့်ချစ်သူကို လက်ထပ်ဖို့ ရည်ရွယ်ထားရင်တော့ ဒီနေ့လိုနေ့မျိုးဟာ ဖွင့်ပြောဖို့ အကောင်းဆုံးနေ့ပါပဲ။ လက်ထပ်ခွင့်တောင်းဖို့ လက်စွပ်ကို ကြိုတင် ပြင်ဆင်ထားပြီး အတတ်နိုင်ဆုံး ကဗျာဆန်အောင် စိတ်လှုပ်ရှားဖွယ်ကောင်းအောင် ပြင်ဆင်ကာ လက်ထပ်ခွင့် တောင်းခံပါ။
  • သတိထားရမှာ ဒီနေ့လိုနေ့မျိုးမှာ စိတ်ညစ်စရာစကားတွေ၊ ရန်စကားတွေ၊ အပြစ်တင်တဲ့ စကားတွေ ယောင်လို့တောင် မပြောမိအောင် သတိထားပါ။ ကြည်နူးရမယ့် တစ်နေ့တာအတွင်းမှာ အလုပ်က ပြဿနာတွေ၊ အိမ်က ပြဿနာတွေလည်း မပြောမိပါစေနဲ့။


Credit: The Chic Magazine

2 comments:

စံပယ်ချို said...

အစားအစာကတော့အချိန်အားတိုင်းချက်ကျွေးတယ်
အဲဒီနေ့ကျရင်တော့ရှယ်ချက်ရမလားစဉ်းစားနေတုန်းနော်
အပြင်မှာစားဖြစ်မယ်ထင်တယ် မသိသေးဘူး
မှတ်သားစရာတွေများလိုက်တာဟယ်

နွေလ said...

ကျွန်တော့်အတွက်တော့
ဒီနှစ် ဗယ်လင်တိုင်းဟာ
Sad Valentine Day ပဲ
ချောကလက်နှစ်ယောက်အတူ ကျွေးဖို့ဆိုတာက . . .
အလွမ်းတွေနဲ့ တစ်နေကုန်လိမ့်မယ် ထင်ပါတယ်ဗျာ