Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, January 10, 2012

ကင်ဆာကို အနိုင်မပေးကြပါနဲ့


တစ်နေ့က နိုင်ငံခြားရုပ်ရှင်လေးတစ်ကားကို ကြည့်ခွင့်ကြုံလို့ ကြည့်ဖြစ်သွားခဲ့ပါတယ်။ A Little Bit Of Heaven လို့ အမည်ရတဲ့ ဇာတ်ကားဖြစ်ပြီး နာမည်ကြီး မင်းသမီး Kate Hudson က အူမကြီးကင်ဆာ ခံစားနေရသူလေးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘဝကို အချစ်နဲ့ ဖြေသိမ့်လို့ ဘဝရဲ့ နောက်ဆုံးအချိန်ကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားတဲ့ ကင်ဆာဝေဒနာရှင်တစ်ဦးရဲ့ အကြောင်း ဇာတ်ကားကောင်းပါ။ ဒီဇာတ်ကားကို ကြည့်ရင်း ကမ္ဘာပေါ်မှာ ခုလို ဝေဒနာဆိုးနဲ့ ကိုယ်ချစ်တဲ့သူတွေကို ကျောခိုင်းသွားရတာ များနေပြီလားဆိုတဲ့ အတွေးက ဖြတ်ခနဲ ဝင်လာပါတယ်။ စာရေးသူရဲ့ ဖခင်ကလည်း ခုလို အူမကြီးကင်ဆာနဲ့ပဲ ကွယ်လွန်ခဲ့တာမို့ ဇာတ်ကားထဲက ဝေဒနာရှင်ရဲ့ ရောဂါလက္ခဏာတွေဟာ တူညီနေတာ တွေ့ရပါတယ်။

Sunday, January 08, 2012

သင့်ဘက်က တကယ်ပဲ ချစ်နေတာလား


သင့်စိတ်ထဲမှာ တကယ်ပဲ ချစ်တဲ့စိတ် ဖြစ်နေတာလားဆိုတာကို သိနိုင်ဖို့ဆိုတာ ဖြေရခက်ခဲတဲ့ ပုဒ်စာ တစ်ပုဒ် ဖြစ်နိုင်သလို မရေရာတဲ့ မေးခွန်းတစ်ခုလိုလည်း ဖြစ်နေနိုင်ပါတယ်။ ပြောပြလို့ မရတဲ့ အရာတွေထဲမှာ အချစ်လည်း ပါမှာပါ။ ဖြေလို့မလွယ်တဲ့ မေးခွန်း ဖြစ်ပေမယ့် လူတိုင်းကတော့ ဒီမေးခွန်းကို တည်ဆောက်တတ်ကြပါတယ်။ တချို့တွေက တစ်စုံတစ်ယောက်ကို ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ပြီး ချစ်တတ်ကြသလို၊ တချို့ကျတော့လည်း ကိုယ်တိုင် နှစ်သက်သဘောကျပြီး၊ ဆန္ဒရှိသူကိုသာ လက်ခံပြီး ချစ်တတ်ကြပါတယ်။ တချို့စိတ်သောက ရောက်စရာ၊ စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ အချိန်နဲ့ အခြေအနေတွေ ရောက်ရင် ကိုယ့်အချစ်ကို သံသယဖြစ်ပြီး ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ ဒီလို လူတွေက ယေဘုယျအားဖြင့်တော့ အချစ်ဆိုတာ သာယာကြည်နူးစရာကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာတွေကို ဖန်တီးပေးနိုင်တဲ့ အရာလို့ ထင်ထားပြီး ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက် အဆိုးအကောင်းတွေကို လက်မခံနိုင်တာမျိုးပါ။ တချို့ကတော့ စိတ်ရဲ့ ဖြစ်ပေါ်လာတဲ့ ခံစားမှုအလိုက် တစ်ယောက်ပြီး တစ်ယောက် ပြောင်းပြီး ဖြစ်ပေါ်လာတဲ့အချစ်ကို လက်ခံကြပါတယ်။ အများအားဖြင့် အဲလိုလူတွေဟာ သူတို့စိတ်ထဲမှာ အချစ်ကို သံသယနဲ့ ကိုယ့်ကိုကိုယ် ပြန်မေးနေမိသူတွေပါပဲ။ အချစ်နဲ့ ပတ်သက်တဲ့ မေးခွန်းများစွာ ရှိပါတယ်။ လူတစ်ဦးနဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ နှစ်ဦးနှစ်ယောက်ကြား ဆက်ဆံရေးဟာ အချစ်လား။ နှလုံးသားက အချစ်ကို ဘယ်လို ရွေးချယ်တာလဲ။ အချစ်တွေ ဘာကြောင့် အဆုံးသတ်သွားတာလဲ။ အချစ်ဆိုတာ တကယ်ပဲ အဆုံးသတ်သွားတာလား။ အမြဲတမ်း ရှင်သန်နေမှာလား။ ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ စိတ်ခံစားမှုအပေါ် မူတည်ပြီး တကယ်ပဲ ဖြေရခက်တဲ့ မေးခွန်းတွေပါပဲ။

Saturday, January 07, 2012

နားဆင်ချင်စရာ တေးစုလေးများ



ကျွန်တော် နားဆင်နှစ်သက်သဘောကျမိတဲ့အတိုင်း ပြန်လည်ဖောက်သည်ချ လက်တို့ချင်ပါတယ်။ ဒီတေးစုလေးတွေကို နားဆင်ပြီး ပျော်ရွှင်နိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတေးစုလေးတွေကို ဝယ်သိမ်း နားဆင်ချင်တယ်ဆိုရင် CD II ကနေ တစ်ပြည်လုံးကို ဖြန့်ပေးထားပြီမို့ နီးစပ်ရာ စူပါမားကတ်တိုင်းမှာ မေးဝယ်နိုင်သလို၊ ဗိုလ်ချုပ်ဈေး က S N' W တေးသံသွင်းမှာလည်း ဝယ်ယူနားဆင်နိုင်ပါပြီ။

အလုပ်လျှောက်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်


HR ဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်သက် ၉ နှစ်ကျော် ကာလအတွင်း အလုပ်လျှောက်သူ (Applicant) တွေရဲ့ ကိုယ်ရေးရာဇဝင် (ဝါ) CV (Curriculum Vitae) ပေါင်း သောင်းနဲ့ချီပြီး စိစစ်ခဲ့ဖူးပါတယ်။ အဲဒီလို စိစစ်ခဲ့တဲ့အခါမှာ အလုပ်လျှောက်သူတွေအတွက် လိုက်နာဆောင်ရွက်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို တွေ့ရှိခဲ့ပါတယ်။ အလုပ်တစ်ခုကို လျှောက်တော့မယ် ဆိုရင် အောက်ဖော်ပြပါအချက်အလက်တွေကို အထူးဂရုပြုဆောင်ရွက် စေလိုပါတယ်။

အချစ်နဲ့ သဝန်တိုစိတ်


ချစ်ရင် သဝန်တိုတယ်။ သိပ်ချစ်ရင် သိပ်သဝန်တိုတယ်။ သဝန်တိုခြင်းနဲ့ အချစ်ဒီဂရီတိုင်းနေကြတယ်။ သဝန်မတိုရင် မချစ်တတ်သလိုပဲ။ ချစ်တယ်ထင်အောင် သဝန်တိုပြရမလို ဖြစ်နေတယ်။ တကယ်တော့ အဲဒီ သဝန်တိုတာကြောင့်ပဲ အချစ်မှာ အနှောင့်အယှက်တွေ အများကြီး ဖြစ်ရတယ်။

သဝန်တိုတော့ အထင်လွဲတယ်။ အမြင်မှားတယ်။ သံသယစိတ်တွေ အားကြီးတယ်။ စိတ်မထိန်းနိုင်ဖြစ်၊ ကြောင်းကျိုးမသိ၊ ပြောမိဆိုမိမှား၊ ထုမိရိုက်မိမှား အများကြီး စိတ်ဆင်းရဲရတယ်။ သဝန်တိုတတ်သူနဲ့ဆိုရင် အနေအထိုင်၊ အသွားအလာ၊ အပြောအဆို အားလုံး ဆင်ခြင်ရတယ်။ တစ်ချက်ကလေးမှားတာနဲ့ ပြဿနာတက်ရော။ ကြာတော့ စိတ်ပျက်စရာ ဖြစ်လာတယ်။

Tuesday, January 03, 2012

မျှော်လင့်ရခြင်း မီးဝါများ

(စကားချီး - ဒီကဗျာလေးကို မထင်မှတ်ဘဲ ရေးဖြစ်သွားတာပါ။ ညီငယ် တစ်ယောက်က သူ့အတွက် ကဗျာလေး ရေးပေးဖို့ ပြောလာခဲ့ပါတယ်။ ကျွန်တော်လည်း ရေးပေးပါ့မယ်လို့ ကတိပြုခဲ့ပြီး၊ တော်တော်ကြာတဲ့အထိ ကျွန်တော့ရင်ထဲမှာ ရေးစရာ အကြောင်းအရာတစ်ခုက ပေါ်မလာခဲ့ဘူး။ အဲဒီအချိန်မှာပဲ ရေးချင်တဲ့ အကြောင်းအရာလေးတစ်ခုက ခေါင်းထဲ ဖြတ်ခနဲ ဝင်လာခဲ့တယ်။ ကျွန်တော်နဲ့ ကျွန်တော့ချစ်သူရဲ့ အခြေအနေလေးတစ်ခုပါ။ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ချစ်ကြပါတယ်။ ချစ်ကြတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့ကြားမှာ တံတိုင်းကြီးတစ်ခုက ခြားနေတယ်။ အဲဒါကို ကျွန်တော်တို့သိနေကြတယ်။ သူ့အတွက်လည်း အခက်အခဲတွေ အများကြီးကို ကျော်လွှားပြီး ဒီတံတိုင်းကို ကျော်လွှားရမှာဖြစ်သလို၊ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီတံတိုင်းကို ဖြိုဖျက်ဖို့ သိပ်ခက်ပါတယ်။ အခြေအနေအရပ်ရပ်ကို နားလည်မှုနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် ဖြတ်သန်းနေခဲ့ကြတယ်။

Monday, January 02, 2012

ရန်ကုန် (ကဗျာ)

(စကားချီး - ခါတိုင်း ကျွန်တော့ရဲ့ Blog မှာ ကျွန်တော်သိတဲ့ မိတ်ဆွေကလောင်ရှင်တချို့ရဲ့ စာလေးတွေ အများဆုံးတင်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါ ကလောင်ရှင် ဝိုင်ချို ကိုတော့ ကျွန်တော် လူချင်း မသိပါဘူး။ ဒါပေမယ့် သူ့ကဗျာလေးကို မဂ္ဂဇင်းထဲ ဖတ်လိုက်ရတဲ့အချိန်မှာ သဘောကျသွားမိလို့ ကျွန်တော့ Blog အပေါ် ဆွဲတင် သိမ်းဆည်းလိုက်ရပါတယ်။)

Sunday, January 01, 2012

ခိုင်မာတဲ့ ယုံကြည်ချက်လေးကြောင့်သာ...


အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ John Roebling ဟာ တကယ့်ကို ခန်းနားကြီးကျယ်တဲ့ တံတားတစ်စင်း ဆောက်လုပ်ဖို့ စိတ်ကူးရနေပါတယ်။ အဲဒီတံတားကတော့ New York မြို့နဲ့ Brooklyn မြို့ကို ဆက်သွယ်မယ့် တံတားပါ။ သူ့အကြံအစည်ကို သူ့မိတ်ဆွေ အပေါင်းအသင်းတွေကို ပြောပြချိန်မှာတော့ New York နဲ့ Mahattan မြို့နဲ့ Brooklyn မြို့နှစ်မြို့ကြားက မြစ်ဟာ သိပ်ကို ရှည်လျားလှပြီး တံတားဆောက်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် Roebling ကတော့ နည်းနည်းလေးမှ ယုံကြည်မှုတွေ လျော့ မသွားခဲ့ပါဘူး။