ဘယ်မှာလဲကွယ်... ဘယ်ရောက်သွားလဲ...
ပိတောက်တွေက ဟိုလျှောက် ဒီလျှောက်နဲ့....
ရင်ထဲမှာတော့ ဥသြတွေ ငိုတယ်။
အသေအချာပြောဖူးတာလား.... လွယ်လွယ်ပြောဖူးတာလား...
မရေရာတော့ဘူး...
တစ်သက်မှာ တစ်ယောက်တည်း ချစ်မယ်ဆိုတဲ့စကား
အပြေးအလွှားနဲ့ ကွက်ကြားရွာတဲ့ သင်္ကြန်မိုးကြောင့် ရေမျောသွားတယ်။
သူငယ်ချင်းတွေက စတုဒီသာလား... မဏ္ဍပ်ထိုင်မှာလား...
ကမ်းခြေတစ်ခုခုတဲ့လား...
နင် မရှိတော့ ငါဟာ အလကား... ပျော်နေတယ် ထင်နေလား...
နှလုံးသားက ငု လို ကြွေတယ်။
တစ်ချိန်က စိတ်ကူးက... ရေမှုန်ရေမွှားတွေကြား...
နှုတ်ခမ်းတွေ စစ်တိုက်ချင်သလား...
ကိုက်မိတဲ့ ကိုယ့်နှုတ်ခမ်းကိုယ်သာ ဒေါသဖြစ်ရမှာလား...
ချိုမြိန်တဲ့ အနမ်းလေးလည်း ဆိတ်သုဉ်းတယ်။
ပြန်လာမှာလား.... ပြန်လာပါကွာ...
ကန်တော်ကြီးကို ပတ်လို့ လမ်းလျှောက်ကြမလား...
ကမ္ဘာအေးမှာ စတိတ်ရှိုးကြည့်မှာ... လက်ကလေးတော့တွဲထား...
မင်း ထပ်ပျောက်သွားမှာ စိုးတယ်။
အလွမ်းမဲ့သင်္ကြန်တမ်းချင်းလေးလည်း ချစ်သူသိစေကွယ်။
သီဟလုလင်
3 comments:
သတိရတယ် သင်္ကြန်ရယ်..
ကျွန်တော်အတွက်တော့
သင်္ကြန်က အလွမ်းတွေမမဲ့ပါဘူး
ကဗျာလေး အားပေးသွားတယ်
ဖတ်ရင်းနဲ့တောင် ကောင်မလေးကို လွမ်းလာတယ်
ကဗျာလေးကမိုက်တယ်ဗျာ
လွမ်းသလိုလိုတောင်ဖြစ်သွားတယ်ဗျို့
Post a Comment