Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, April 23, 2012

လွမ်းသီချင်း


ချစ်သူရေ ...
အလွမ်းတွေ
ငါ့ရင်တစ်ခုလုံးစိုရွှဲလို့
မျက်ဝန်းလေးတစ်လှည့်
အသည်းနှလုံးတစ်လှည့်နဲ့ပဲ
ငါ့မှာ အထီးကျန် ။


ဟိုးအဝေးမှာကျန်ခဲ့ပြီ
မဝေးလိုတော့တဲ့ဒီသီချင်းတွေ
ဒီမြို့လေးအပေါ်စွန့်ခွာလို့
မင်းဆွဲထားတဲ့ပန်းချီကားလေးကို
လွမ်းတယ် ။

မင်းမရှိတော့
ငါ့အခန်းလေးက ငို
အို ... ငါတို့ တကယ်ကို ဝေးခဲ့ကြပြီ
နှုတ်မဆက်ဘဲထွက်သွားတဲ့ ကောင်မလေးရေ ...
မင်းနေတဲ့မန္တလေးမှာ
ငါခေါ်နေကျ တယ်လီဖုန်းလေး
လွမ်းနေရှာရော့ပေါ့
ငါတို့ ဝေးခဲ့ပြီ ။      ။

ညိုသစ်ငယ်

Credit: ချစ်သူဖတ်ဖို့ လွမ်းကဗျာ

2 comments:

စံပယ်ချို said...

ဟုတ်တယ် အလွမ်းတွေက အမြဲ ရွှဲစိုနေလေရဲ့

Yin Sue said...

မင်းနေတဲ့မန္တလေးမှာ
ငါခေါ်နေကျ တယ်လီဖုန်းလေး လွမ်းနေရှာရော့ပေါ့
ငါတို့ ဝေးခဲ့ပြီ။

ထိတယ်အစ်ကိုရေ....ကောင်းတယ်ဗျာ..