Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Thursday, April 19, 2012

တိုးတိုးလေး လွမ်းတယ်


မျှော်ကိုးခြင်း မရှိတဲ့... အဆုံးမဲ့ချစ်ခြင်းရဲ့ နောက်မှာ
ငါဟာ မနေ့ကလိုပဲ
တိတ်တိတ်လေး ချစ်ဆဲ...
တိတ်တိတ်လေး လွမ်းဆဲ ပါ။


မနေ့ကတော့ ရင်ဘတ်ထဲ ပူတယ်
လူပဲလေ... တစ်ခါတလေလည်း
ပက်ပက်စက်စက် ပေါက်ကွဲလွမ်းဆွတ်မိတတ်တာပေါ့။
ခုညတော့ ရင်ထဲ အေးမြနေတယ်
တစ်ချိန်က ပြောဖူးတဲ့ စကားလေးတွေကို
Chat History မှာ ပြန်ရှာဖတ်ရင်းပေါ့။

အလိုတော်ရှိရင် ပြန်ဆုံဖို့ အသင့်ဖြစ်ချင်တယ်
ဒီရင်ခွင်အခန်းထဲ ဘယ်သူမှ မရှိဘူး
တစ်ယောက်တည်းရယ်...
တိုးတိုးလေးတော့ သီချင်းဆိုနေမိတယ်။
“ငါ လွမ်းနေဦးမယ်။”


သီဟလုလင်

3 comments:

စံပယ်ချို said...

တစ်ယောက်ထဲဆိုတော့လဲ
တိုးတိုးလေးပဲ ဆိုပေါ့နော်

နွေလ said...

တိုးတိုးလေး မညည်းနဲ့လေ
မကြားဘဲ နေလိမ့်မယ်
ကြားအောင် အကျယ်ကြီး အော်ဆို
ဒါမှ လွမ်းနေတာ သိမှာ
ကဗျာလေး အရမ်းကောင်းတယ် အစ်ကို

mstint said...

တိုးတိုးလေးလွမ်းတယ်တဲ့လား
ကဗျာဆန်ဆန်စာသားလေးတွေနဲ့
ဖွဲ့နွဲ့ထားတာလေးအားပေးသွားတယ်မောင်သီဟရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်