Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Tuesday, February 14, 2012

သူငယ်ချင်းလေးက ကြွေနေပြီလား


သူငယ်ချင်းချစ်သူ ဇာတ်လမ်းလေးတွေက တစ်ခါတစ်ခါ ပေါ့ပေါ့ပါးပါး ပျော်ဖို့ကောင်းတတ်ပါတယ်။ သူငယ်ချင်းဆိုတာက ကိုယ်နဲ့ အမြဲ မခွဲအတူ သွားလာနေတတ်ကြလို့ သံယောဇဉ်ငြိမယ်ဆိုလည်း ငြိလောက်စရာကိုး။ ဒီတော့ ကိုယ့်သူငယ်ချင်းလေး ကိုယ့်အပေါ် တကယ်ရိုးသားရဲ့လား သိချင်ရင် ဒီအချက်လေးတွေ ကြည့်ပြီး ဆုံးဖြတ်လို့ရပြီ။

ချစ်သူအတွက် လက်ဆောင်


ဖေဖော်ဝါရီလ ၁၃၊ ည ၈:၀၀

ဒီနေ့အလုပ်များနေတာရော၊ ကမ္ဗောဒီးယားကိုသွားမယ့် ရုံးကလူကြုံရှိနေတာမို့ ဟိုဘက်က ဆရာသမားတွေ မှာတဲ့ အစားအသောက်တွေ ဝယ်ခြမ်းပေးနေရတာရောနဲ့ အိမ်အပြန်နောက်ကျပါတယ်။ ဆရာသမားတွေက ဖိလစ်ပိုင်နိုင်ငံသားတွေပေမယ့် မြန်မာအစားအစာကြိုက်ကြပုံပဲ။ မှာတာကလည်း ဘာလချောင်ကြော် ပုစွန်သေးသေးလေးတွေနဲ့တဲ့။ ဒီတော့ အိမ်နဲ့အနီးဆုံးရှိတဲ့ စိန်ဂေဟာကိုပဲ ရုံးအပြန်ဝင်ဝယ်ဖြစ်သွားတယ်။ လှည်းတန်းတစ်ဝိုက် စည်ကားလိုက်တဲ့လူတွေ မနည်းတိုးဝှေ့ သွားရတယ်။ လူတိုင်းက အပြုံးလေးတွေ မျက်နှာထက်တင်လို့ ကျက်သရေတော့ ရှိကြသား။ လက်ထဲမှာလည်း အရုပ်အကြီးအသေး မျိုးစုံနဲ့။ ကျွန်တော် ချက်ချင်းသဘောပေါက်သွားတယ်။ အော် ချစ်သူများနေ့အကြို ချစ်သူတွေ ပျော်နေကြတာပါလားလို့။

HAPPY VALENTINE'S DAY


“ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံး ဖြစ်သတည်း။” - ၁ကော ၁၃:၁၃

“And now these three remain: faith, hope and love. But the greatest of these is love.” - 1Corinthians 13:13

မနက်က ကျမ်းစာပိုဒ်ကို Facebook နဲ့ ကိုယ့် Blog ကနေ ဝေမျှဖို့ ရွေးချယ်တော့ သတိရမိသွားတဲ့ ကျမ်းပိုဒ်လေးက ခုလို ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေပါတယ်။ ချစ်သူများနေ့ဆိုပြီးတော့ ချစ်သူချင်းပဲ လက်ဆောင်တွေပေး၊ မေတ္တာတွေ ဖလှယ်နေကြပေမယ့် ချစ်သူများဆိုတဲ့နေရာမှာ တကယ်တော့ ကိုယ့်ရဲ့ မိဘတွေ၊ ဆွေမျိုးသားချင်းနဲ့ သူငယ်ချင်းတွေပါ ပါဝင်နေတယ်လို့ သိရပါတယ်။
ချစ်ခြင်းမေတ္တာဟာ လောကမှာ အင်အားအကြီးဆုံးလို့လည်း ဆိုကြပါတယ်။ ကျွန်တော်ကတော့ ချစ်ခြင်းမေတ္တာကို သက်ဝင်ယုံကြည်လက်ခံပါတယ်။ ချစ်ခြင်းမေတ္တာ ဆိုတဲ့နေရာမှာ တဏှာရောယှက်တဲ့ ချစ်ခြင်းမေတ္တာမျိုးမဟုတ်ဘဲ၊ အေးမြပြီး လူတိုင်းအပေါ်ခွင့်လွှတ်သည်းခံတတ်တဲ့ ချစ်ခြင်းမေတ္တာမျိုး၊ ကိုယ်ချင်းစာနာစိတ်အပြည့်နဲ့ ချစ်ခြင်းမေတ္တာမျိုးကို သက်ဝင်ယုံကြည်လက်ခံတာပါ။ ဘယ်လိုနေရာ၊ အခြေအနေမျိုးမှာမဆို ချစ်ခြင်းမေတ္တာစိတ်အပြည့်နဲ့ ငါသာ သူ့နေရာမှာသာဆို ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေး ဖြစ်တတ်ဖို့ လိုတယ်ထင်မိပါတယ်။

ဘာပဲဖြစ်ဖြစ် အားလုံးပျော်ကြတဲ့ ချစ်သူများနေ့ဆိုတဲ့ Valentine's Day ကတော့ တစ်နှစ်တစ်ခါ အလှည့်ကျ ရောက်လာခဲ့ပြန်ပါပြီ။ ဒီလိုအချိန်မှာ လိုလိုလားလား ဆုတောင်းပေးချင်တာကတော့ ချစ်သူတိုင်း ပျော်ရွှင်ချမ်းမြေ့ခြင်းများနဲ့ ပြည့်စုံပြီး ဆုံဆည်းနိုင်ကြပါစေ။ အနာဂတ်ခရီးလမ်း သာယာဖြောင့်ဖြူးနိုင်ပါစေ။

သီဟလုလင်

Monday, February 13, 2012

နောင်တမဲ့အချစ်


သူရယ် . . .
ကိုယ့်ရင်ထဲက
စကားသံတွေကို နားလည်မယ်ဆိုရင်
“ဝေးကွာခြင်း” ဆိုတာ
နတ္ထိပါပဲ . . .။

သူရယ် . . .
ကိုယ့်ရင်ထဲက
ဒါဏ်ရာတွေကို ကုစားပေးမယ်ဆိုရင်
“လွမ်းဆွေးခြင်း” ဆိုတာ
နတ္ထိပါပဲ . . .။

သူရယ် . . .
ကိုယ့်ရင်ထဲက
အချစ်တွေကို ယုံကြည်မယ်ဆိုရင်
“နောင်တ” ဆိုတာ
နတ္ထိပါပဲ . . .။

ဝေးကွာခြင်းတွေရဲ့ နောက်ကွယ်က
လွမ်းဆွေးခြင်းတွေကို
အချစ်နဲ့ ဖုံးကွယ်လိုက်မယ်ဆိုရင်
“နောင်တ” ဆိုတာ
ဟိုး . . . အဝေးကြီးမှာပါ . . . သူရယ် . . .။

မိုးသက်အောင်

Credit: သူဖတ်ဖို့ အချစ်ကဗျာများ

I Love You, Honey


တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်၊ သိပ်မြတ်နိုးလို့ လက်ထပ်ခဲ့ကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ရှိတယ်။ သူတို့ဟာ အိမ်ထောင်သက်တမ်းနှစ်နှစ်လောက် ရှိလာကြပြီ။ ခင်ပွန်းဖြစ်သူက စာပေဝါသနာပါပြီး ဟိုစပ်စပ် ဒီစပ်စပ် စာရေးလေ့ရှိတယ်။ တစ်ဆက်တည်းမှာပဲ သူဟာ ဓါတ်ပုံဆရာလည်း လုပ်သေးတယ်။ သူတို့ မင်္ဂလာဆောင်တုန်းကပုံတွေကို အမြတ်တနိုးသိမ်းထားလေ့ရှိတယ်။ သူတို့ဟာ သိပ်ချစ်ကြပါတယ်။ ခင်ပွန်းဖြစ်သူက အေးတိအေးစက်နေတတ်သလောက် သူ့ရဲ့ ဇနီးက ဒေါသထွက်လွယ်တယ်။ သူနဲ့ နားလည်မှုလွဲပြီး မကြာခဏ ရန်ဖြစ်ရတယ်။ အခုလည်း သူတို့ကြားမှာ ပြဿနာလေးတစ်ခုက ရှိနေပြန်တယ်။

Sunday, February 12, 2012

စာရေးဆရာအိပ်မက်နဲ့ ဗိုလ်ချုပ်


ကျွန်တော် ဒီ ၂ဝ၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ မွေးနေ့ကို ဗိုလ်ချုပ်လူ့လောကမှာ မရှိတော့သည့်တိုင် ဗိုလ်ချုပ်ရဲ့ ကြိုးပမ်းလုပ်ဆောင်ခဲ့မှုတွေအတွက် ဂုဏ်ပြုချင်တာမို့ ဒီစာကို ရေးဖြစ်ခဲ့ပါတယ်။ ကျွန်တော် ဖတ်ရှိခဲ့ရသမျှ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အကြောင်းတွေထဲ ကျွန်တော် သဘောကျတဲ့ အကြောင်းအရာလေးတစ်ခုကိုပဲ ကျွန်တော့အမြင်နဲ့ ရေးသားချင်လာပါတယ်။

Saturday, February 11, 2012

ပြည်ထောင်စုလှေ


တက်ညီလက်ညီ လှော်မည်တဲ့ လှော်မည်
ကမ်းမယ့်လက်တို့နွေးထွေးစေ၊ နွမ်းတဲ့မျက်ရည်ကင်းဝေးစေ
မွန်၊ ရှမ်း၊ ကယား နဲ့ ကရင် တို့တွေ
ဗမာ၊ ချင်း၊ ရခိုင် နဲ့ ကချင် တို့ရေ
တစ်ရေတည်းလေ၊ တစ်မြေတည်းနေ
တွဲတဲ့လက်တို့ မြဲကြပါစေ။

တက်ညီလက်ညီ လှော်မည်တဲ့ လှော်မည်
ကြုံတွေ့လာသမျှ အခက်တွေ၊ တင်ကျန်ရစ်တဲ့ အခဲတွေ
ညီညာဖြဖြ ကြေစေဟဲ့ ကြေစေ
ငြိမ်းချမ်းရေးချိုးငှက်ငယ်လေး ပျံသန်းလို့နေ
တွဲတဲ့လက်တို့ မြဲကြပါစေ။

တက်ညီလက်ညီ လှော်မည်တဲ့ လှော်မည်
သဘာဝအလှပေါင်း ခညောင်းတဲ့ပြည်
တို့ပြည်တဲ့ တို့ပြည်
ပြည်သာဖို့သာ ကြိုးပါစို့လေ
တူတာတွေ ပေါင်းစုလို့ ညီညာကြမသွေ
ပြည်ထောင်စုအမွေ မြဲကျန်ဖို့လေ
တွဲတဲ့လက်တို့ မြဲကြပါစေ။
တွဲတဲ့လက်တို့ မြဲကြပါစေ။

သီဟလုလင်

ဒီလိုကဗျာလေးမျိုး (မျိုးချစ်စိတ်ဓါတ် ထက်သန်ရေး ဆိုရမလား) ရေးတာ၊ ခု ကျောင်းသားမဟုတ်တော့တဲ့ အရွယ်မှာ ဒါ ပထမဆုံးပါပဲ။ ဒီနှစ်မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုပြီးတော့ ရေးလိုက်တာပါ။ ကျွန်တော် ရေးနေကြပုံစံလည်း မဟုတ်တော့ ကြောင်တောင်တောင်တော့ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်မှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေလုပ်ဆောင်ဖို့ စိတ်အားထက်သန်လာတာလည်း ပါလာတော့ ကျွန်တော်စမ်းရေးချင်လာလို့ပါ။ ကျွန်တော် ငယ်ငယ်က စာစီစာကုံးနဲ့ ကဗျာတွေကို ခုလို နေ့ထူးနေ့မြတ်တွေအတွက် ပြိုင်ပွဲတွေလုပ်တုန်းကတော့ ဝင်ပြိုင်ခဲ့ပါသေးတယ်။ ဒါပေမယ့် မြို့နယ်အဆင့်တောင် မပါခဲ့တဲ့ ဘဝပါ။ ခုတော့လည်း စာတွေရေးဖြစ်နေတဲ့သူ တစ်ယောက် ဖြစ်နေပါတယ်။ ခုတော့ ပြည်ထောင်စုနေ့ကို ဂုဏ်ပြုချင်လို့ ပြီးတော့ ကျွန်တော်ချစ်တဲ့ မြန်မာပြည်ကြီး အေးချမ်းအောင်လို့ ရည်ရွယ်ပြီး ကိုယ်တတ်သလောက်လေးနဲ့ ကဗျာလေးတစ်ပုဒ် ဖွဲ့သီလိုက်ရပါတယ်။

ကဗျာဆန်၍ အမှတ်ရဖွယ်ရာ Valentine's Day ဖြစ်စေရန်


Valentine's Day မှာ ကိုယ်ချစ်သူ၊ ခင်သူတွေကို လက်ဆောင်ပေးတာ ထုံးစံပါ။ ချစ်သူအတွက် ကိုယ်ရွေးချယ်ထားတဲ့ လက်ဆောင်နဲ့ အဲဒီနေ့ကို ဘယ်လို ကုန်ဆုံးစေမလဲဆိုတာဟာ ချစ်သူဘဝမှာတင် မဟုတ်၊ အိမ်ထောင်သည်ဘဝမှာပါ ချစ်ခြင်းမေတ္တာခိုင်မြဲစေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သူကြိုက်နှစ်သက်မယ့် အဓိပ္ပာယ်ရှိတဲ့ အသုံးဝင်မယ့်လက်ဆောင်ကို ရွေးချယ်ပါ။ ဈေးကြီးစရာမလိုပါဘူး။ စိတ်ရင်းစေတနာမှန်ဖို့သာ လိုအပ်ပါမယ်။ ပန်းစည်း၊ ချောကလက်နဲ့ ကဒ်တွေဟာ ရိုးနေပြီလို့ ထင်ရပေမယ့် အချစ်ရဲ့ သင်္ကေတတွေဖြစ်တဲ့အတွက် အမြဲဆန်းသစ်နေမှာပါ။