Subscribe:

Pages

နှုတ်ခွန်းဆက်စကား

Photobucket
ကျွန်တော့ စိတ်ရဲ့ ထွက်ပေါက်လေး တစ်နေရာကို အလည်ရောက်လာပေးလို့ ကျေးဇူးအထူးတင်ပါတယ်။

Monday, October 01, 2012

သက်ကြွယ်သူတို့အကြောင်း


ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ သက်ကြွယ်သူများနေ့ လို့ သိရပါတယ်။ International Day of Older Persons လို့ အရင်က ခေါ်ခဲ့ကြပြီး ခုနောက်ပိုင်းတော့ Older Persons ဆိုတဲ့ နေရာမှာ Seniors ဆိုတဲ့ စကားလေးနဲ့ အစားထိုး ခေါ်ဆိုလာခဲ့ကြတာကို တွေ့ရ ကြားရပါတယ်။ ဒါကြောင့် ကျွန်တော်လည်း အပြည်ပြည်ဆိုင်ရာ သက်ကြီးသူများနေ့အစား နားဝင်ချိုမယ်လို့ ကျွန်တော် ထင်တဲ့ သက်ကြွယ်သူများ ဆိုတဲ့ စကားလေးနဲ့ ဖြည့်ဆည်းကြည့်လိုက်ပါတယ်။ ဒီနေ့ကိုတော့ အားလပ်ရက်အဖြစ် အချို့နိုင်ငံများမှာ သတ်မှတ်ထားကြပါတယ်။

ဒီနေ့လေးဖြစ်ပေါ်လာဖို့ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်နေ့က United Nations General Assembly မှာ မဲပေးထောက်ခံခဲ့ကြရပြီး ၁၉၉၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှာ အထိမ်းအမှတ်နေ့ အဖြစ် ပထမဆုံးအကြိမ် တရားဝင်ဖြစ်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ဒီ အထိမ်းအမှတ်နေ့လေးရဲ့ ရည်ရွယ်ချက်ကတော့ သက်ကြွယ်သူတွေရဲ့ ဘဝတွေကို ကိုယ်ချင်းစာနာနိုင်ပြီး ဖေးမကူညီနိုင်ဖို့ နဲ့ ညဉ်းပန်းနှိပ်စက်ခံ သက်ကြွယ်သူများကို ကူညီထောက်မနိုင်ဖို့ စတဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်လေးတွေ များစွာ ပါဝင်ပါတယ်။

Sunday, September 30, 2012

အဆိုး အရင်၊ အကောင်း နောက်


ကျွန်တော့ရဲ့ နေ့စဉ်လှုပ်ရှားရတဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေကြားမှာ မကြာခဏဆိုသလို ကြားရတတ်တဲ့ ညည်းညူသံလေးတွေ ရှိပါတယ်။

"ဒီနေ့ ဈေးရောင်းမကောင်းဘူး။"
"အလုပ်မဖြစ်ဘူး။ ကြွေးတင်တယ်။"
"အထက်က စီနီယာတွေက မတရားဘူး။ အလုပ်မှာ ဒီလောက် စေတနာထားလုပ်ပေးတာတောင် ငါ့ကို နားမလည်ကြဘူး။"

ဒီစကားလေးတွေကို ဟိုတစ်စ ဒီတစ်စ ကြားနေရတယ်။ ကိုယ်ချင်းလည်း စာပါတယ်။ ဘယ်သူမှ၊ ဘယ်အရာမှ ပြည့်စုံကောင်းမွန်တယ်ဆိုတာမှ မရှိနိုင်ဘဲ။ ဒီအထဲကမှ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံးဆိုတာမျိုးနဲ့ ကျွန်တော်တို့တွေ ကျေနပ်ရောင့်ရဲ ကြရတာပဲ မဟုတ်ပါလား။

Sunday, September 23, 2012

The Idol of Celebrity (မိစန္ဒီ)


“Fancy Idol of Celebrity” ကဏ္ဍလေးကနေ Fancy စာဖတ်ပရိတ်သတ်များအတွက် အနုပညာရှင်တွေ ရင်ထဲက လေးစားချစ်ခင်ရတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေအကြောင်း တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးနဲ့ ပတ်သက်လို့ အကြံပေးချက်တွေကိုလည်း ကျွန်တော်တို့ Fancy ကို ပေးပို့နိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ လူငယ်တေးပရိတ်သတ်တွေ နှစ်သက်သဘောကျနေကြတဲ့ အမျိုးသမီးတေးသံရှင်လေး မိစန္ဒီ နဲ့ တွေ့ဆုံလို့ သူမရင်ထဲက ချစ်မြတ်နိုး လေးစားအားကျ ရတဲ့ ကမ္ဘာကျော်အနုပညာရှင်က ဘယ်သူဖြစ်မလဲဆိုတာ မေးမြန်းထားသလို၊ သူမရဲ့ လတ်တလော လှုပ်ရှားမှုလေးတွေ ကိုလည်း မေးမြန်းစကားပြောဖြစ်ခဲ့ပါတယ်။

Saturday, September 22, 2012

မျှော်လင့်ရခြင်း မနက်ခင်းတိုင်းသာ...



ငါ့မနက်တွေဟာ အရင်လို အမှားများနဲ့ နိုးထနေရဆဲ
ငါ့နေ့လည်စာဟာလည်း အဆွေးဟင်း တစ်ခွက်မပါမဖြစ်နဲ့
ငါ့ညအိပ်မက်မှာတော့ အရင်က မင်းအနမ်းတွေ ခြောက်လှန့်နေခဲ့တယ်။

ဘယ်ဆီမှာလဲ ဘယ်ရောက်နေလဲ ဘယ်တော့ပြန်လာမလဲ
အသည်းနှလုံးက မေးတဲ့ မေခွန်းပေါင်းများစွာ
သူကအနားမှာပါ သူရှိနေပါတယ် သူပြန်လာတော့မှာပါ
ဦးနှောက်က နှစ်သိမ့်အဖြေစကားက ခါးသီးစွာ

"မှတ်မိသေးလား" တစ်ခါက ရုတ်တရက်ပြောလာတဲ့ စကား
သိပ်မှတ်မိနေတာပေါ့...
ဒါက မပြောင်းလဲနိုင်မယ့် ရင်ဘတ်ထဲက အစစ်တွေမို့လား

ငါ့မှာတော့ မနက်ခင်းတိုင်းမှာ
မျက်လုံးအဖွင့်...
မြင်ရမယ့် မင်းမျက်နှာ ဖူးဖူးလေးအတွက်
ငိုရတဲ့ ညတွေသာ ဆက်နေပါတော့တယ် အချစ်ရေ။

သီဟလုလင်
၂၂ စက်တင်ဘာလ ၂၀၁၂

Sunday, September 02, 2012

သက်သေတော် (ဒေသနာတော်)


ဒီတစ်ပတ် တနင်္ဂနွေမှာလည်း အသင်းတော်နှင့် ဝေးကွာနေကြရတဲ့ ယုံကြည်သူများ ခွန်အားယူနိုင်ဖို့ရာ ဓမ္မဒေသနာတော်များကို ဆက်လို့ ဝေမျှပေးသွားပါမယ်။ ယခုပတ်တိုင် ဒေသနာတော်များကို ဝေမျှခွင့်ရလို့ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က ဆရာကြီး ဦးတင်မောင်ထွန်း ဝေငှခဲ့တဲ့ "သက်သေတော်" ဒေသနာကို ထပ်ဆင့် ဝေမျှပေးလိုက်ရပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Sunday, August 26, 2012

ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ (ဒေသနာတော်)


အပတ်စဉ် ဒေသနာတော်များကို ပြန်လည်ဝေငှခွင့် ရလို့ ရှေးဦးစွာ ဘုရားသခင် ရဲ့ ကျေးဇူးတော်ကို ချီးမွမ်း ပါတယ်။ ပြည်တွင်း ပြည်ပ မှာ ရှိနေကြတဲ့ ယုံကြည်သူ ညီအစ်ကိုမောင်နှမများ အသင်းတော် နဲ့ ဝေးကွာနေချိန်မှာ ဝိညာဉ်ခွန်အားပေးနိုင်ဖို့ ရိုးရိုးလေးပဲ တွေးဆပြီး တင်ပြပေးနေတာပါ။ ဒီတစ်ပတ်မှာ ဆရာ ဦးအုတ်မာ ဝေငှထားတဲ့ "ယုံကြည်ခြင်းနှင့် မျှော်လင့်ပါ" ဒေသနာတော်ကို ပြန်လည် မျှဝေပေးလိုက် ပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ ခင်ဗျာ။ Amen!

Sunday, August 19, 2012

ဘုန်းတော်အတွက် အသက်ရှင်ပါ (ဒေသနာတော်)


ဒီရက်ပိုင်း ကျွန်တော့အိမ်က Connection က တော်တော်လေး အဆင်မပြေဘူးဗျ။ တရားဒေသနာတွေကို တင်ဖို့လုပ်တာ နောက်ကျသွားတာရော၊ Connection အဆင်မပြေတာရောနဲ့ တိုးပြီး ပြီးခဲ့တဲ့ အပတ်က ဒေသနာတော်ဝေမျှခွင့် မရခဲ့ဘူး။ ခု တစ်ပတ်တော် ခရီးသွားရမယ့် အစီအစဉ်တွေကြားက ဆရာကြီး ဦးဇော်မင်း ရဲ့ ဒေသနာတော်ကို ဝေမျှခွင့် ရခဲ့ပါပြီ။ ဆရာကြီး ဦးဇော်မင်း က ဒီဒေသနာတော်ကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က ဝေငှခဲ့တာပါ။ "ဘုန်းတော်အတွက် အသက်ရှင်ပါ" လို့ ခေါင်းစီးတပ်ပြီး ပြန်လည် ဝေမျှလိုက်ရပါတယ်။ ဖတ်ကြားနာသူ အယောက်စီတိုင်းအား ဘုရားသခင် ကောင်းကြီးပေးပါစေ။ Amen!

Thursday, August 09, 2012

The Idol Of Celebrity (ဟဲလေး)



Fancy စာချစ်သူများအတွက် ထူးခြားတဲ့ကဏ္ဍလေးအဖြစ် “The Idol of Celebrity” ကဏ္ဍလေးကို ပုံမှန် တင်ဆက်ပေးသွားချင်ပါတယ်။ ဒီကဏ္ဍလေးဟာ အောင်မြင်ကျော်ကြားသူတို့ ရင်ထဲမှာ လေးစားနှစ်သက် ချစ်ခင်ရတဲ့သူတွေ အကြောင်းကို တင်ပြပေးသွားမှာပါ။ ဒီတစ်ပတ်တော့ ဂီတလောကမှာ လှုပ်ရှားမှု နည်းပါးနေသယောင်ရှိတဲ့ လူငယ်တေးသံရှင် တစ်ဦးဖြစ်သူ ဟဲလေး နဲ့ သူ့ရင်ထဲက နှစ်သက်ချစ်ခင်ရတဲ့ အနုပညာရှင် အကြောင်းကို တင်ပြပေးလိုက်ရပါတယ်။