ငယ်ငယ်က သိခဲ့တဲ့ ဘ နဲ့ ဝ ဟာ ကျောင်းဖတ်စာထဲမှာ
ကျန်ရစ်ရင်း… ကျန်ရစ်ရင်း… နဲ့
ငါဟာ
ဘဝ ကို ခုချိန်မှာ ကောင်းကောင်းကြီး နားလည်တတ်ခဲ့ပြီ။
ခြစ်တတ်ခြင်းနဲ့ စခဲ့တဲ့ ငါ့လက်ရေးဟာလည်း ဗလာစာအုပ်တွေထဲ
ကျန်ရစ်ရင်း… ကျန်ရစ်ရင်း… နဲ့
ငါဟာ
အချစ် ကို ခုတော့ ကောင်းကောင်းကြီး သိတတ်နေခဲ့ပြီ။
နားလည်ခဲ့သမျှ အရာအားလုံးအတွက်
ခံစားစရာ တစ်စုံတရာ ကြုံလာခဲ့ရင်
မျက်ရည်မကျတတ်အောင်လည်း ငါ အံ့ကြိတ်ခံတတ်နေပြီပဲ။
ဒါဟာ ဘဝ ဆိုတာလား…
ဒါဟာပဲ အချစ် ဆိုတာလား…
ကြုံရသမျှ အကောင်းလို့ စိတ်ထဲမှတ်ယူရင်း၊ ခံနိုင်ရည်မွေးခဲ့တဲ့
ငါဟာ
အားပေးမယ့်သူကိုတော့ စောင့်မျှော်နေဆဲပါ။
သီဟလုလင်
(မေလ ၁၀ ရက်နေ့၊ ၂၀၀၆ ခုနှစ်)
မှတ်ချက်။ ။ ဟိုးတုန်းက ရေးထားခဲ့ဖူးတဲ့ ကဗျာစာအုပ်လေး စာအုပ်စင်ရှင်းရင်း ပြန်တွေ့လို့ အဲဒီကဗျာစာအုပ်ထဲက တချို့ကဗျာလေးတွေ ပြန်တင်ဖြစ်တာပါ။
2 comments:
i like it much bro...:) :) may God bless u
thank you so much Nyi Lay! :) God Bless u too.
Post a Comment